Connect on fbicon Facebook
Nun

အာရှ၏နေချင့်စဖွယ်အကောင်းဆုံးမြို့အဖြစ် ဖန်တီးရန်
ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစည်းခြင်း

ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာတွင် ရန်ကုန်ကို တမူထူးခြားသော၊ နေချင့်စဖွယ်ကောင်းသော မြို့တော်တစ်ခုမှသည် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အရင်းအမြစ်တစ်ခုဖြစ်စေရန် မျှော်မှန်းချက်အသစ် တစ်ခုကို တင်ပြထားသည်။

မဟာဗျူဟာတွင် နိုင်ငံအစိုးရသစ်သက်တမ်းအတွင်း  ဆောင်ရွက်နိုင်မည့် မျှော်မှန်းချက်များကို
အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ပါဝင်သည်။ မဟာဗျူဟာသည် လွန်ခဲ့သော လေးနှစ်တာအတွင်း YHT ၏ အတွေ့အကြုံများ၊ ဆွေးနွေးတိုင်ပင်မှုများ၊ ပညာရှင်များ၏ သဘောထားများကို အခြေခံထားပြီး အသုံးပြုရလွယ်ကူစေရန်နှင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ပုံစံရေးဆွဲထားသည်။

ယနေ့ရန်ကုန်သည် အစစအရာရာ တိုးပွားနေသကဲ့သို့ တစ်ဖက် တွင်လည်း ဆုံးရှုံး နေရသည်များ ရှိနေသည်။ ရန်ကုန်မြို့အား အိမ်နီးချင်းနိုင်ငံများ၏ အမှားများကို ရှောင်ရှား၍ လားရာသစ်တစ်ခုဆီသို့ ဦးတည်တည့်မတ်ရမည့် အချိန်သို့ကား ရောက်ရှိနေပေပြီ။ ယခုအချိန်သည် ရန်ကုန်မြို့ကို အာရှ၏
နေချင့်စဖွယ် အကောင်းဆုံး မြို့တစ်မြို့ဖြစ်လာအောင် အလှည့်အပြောင်း စတင်ပြုလုပ်ရမည့် အချိန်အခါကောင်းပင် ဖြစ်သည်။

the YHS

ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာ

ထိန်းသိမ်းစောင့်ရှောက်မှု အလေးပေးသော ဖွံ့ဖြိုးတိုးတက်ရေးသည် ရန်ကုန်မြို့၏ သူမတူထူးခြားသည့် ဗိသုကာ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းထားစေနိုင်သည်။

ဆက်လက်ဖတ်ရှုရန် >

Liveablity

နေချင့်စဖွယ် မြို့ရန်ကုန်

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှုများ မှတစ်ဆင့် ရန်ကုန်မြို့ကို နေချင့်စဖွယ်ကောင်းအောင် ဆောင်ရွက်ခြင်းသည်
အောင်မြင်ရေးအတွက် အခရာပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် >

YHT

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) သည် ရန်ကုန်မြို့၏ ဗိသုကာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ
စီမံခန့်ခွဲရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် >

ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာကို PDF အဖြစ် ရယူနိုင်ပါသည်။

ပါဝင်သည်များ-

နိဒါန်း
မျှော်မှန်းချက်
နေချင့်စဖွယ်ဖြစ်မှု
မဟာဗျူဟာ
လုပ်ငန်းစဉ်များ

စာမျက်နှာပေါင်း – ၁၅၆  (ဖိုင်ဆိုက် 197 MB)

အရွယ်အစား ချုံ့ထားသောဖိုင်ကို ဤနေရာ တွင်ရယူနိုင်ပါသည်။

Click here for English version.